+95 9 774204020 dpsmap@gmail.com

၁။ KMD

KMD ကုမ္ပဏီ ကို ၁၉၈၆ ခုနှစ်တွင် ဦးသောင်တင် နှင့် ဒေါ်သင်သင်အေး တို့မှ Niche Computer Training Institute အဖြစ်စတင်တည်ထောင် ခဲ့ကြသည်။KMD ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အိုင်စီတီ ဆိုင်ရာဝန်ဆောင်မှုများပေးသည့် ပုဂ္ဂလိဂ္ဂပိုင် ကုမ္ပဏီဖြစ်ပြီး သင်သန်းကျာင်းများ ဖွင့်လှစ်ခြင်း ၊ အိုင်တီနှင့်ဆိုင်သော ကုန်ပစ္စည်းများ ဖြန့်ဖြူးပေးသော ကုမ္ပဏီ အဖြစ် လူသိများ ကျော်ကြားသည်။ KMD သည် မြန်မာနိုင်ငံတွင် အကြီးဆုံး IT ဆိုင်ရာ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများ ပေးသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လတွင် ထုတ်ပြန်သော စားရင်းများအရ အလုပ်သမားဦးရေ ၈၈၈ ဦးကျော်ဖြင့် စီမံခန့်ခွဲမှု ကောင်းမွန်စွာ လည်ပတ်လျက်ရှိသည်။ အစိုးရ ဝန်ကြီးဌာနများ ၊ စီးပွားရေးလုပ်ငန်းကြီးများ စသော ဖောက်သည် ကြီးများပိုင်ဆိုင်ပြီး IT ပစ္စည်းများဖြန့် ဖြူးပေးလျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။ လူဦးရေ ၇သိန်းကျော်အား KMD သင်တန်းကျောင်းများမှ ဘွဲ့လက်မှတ်များ ချီးမြင့် မွေးထုတ်ပေးခဲ့ပြီ ဖြစ်သည်။ ASUS ၊ ADATA ၊ BENQ ၊ GE ၊ CLIPTEC ၊ DELL ၊ FUJITSU၊ FUJI XEROX ၊ INTELsecurity ၊ LENOVO ၊ LG ၊Logitech ၊ motorla ၊ NEC ၊ HTC ၊ Power Free ၊ RanNet ၊ SANTO ၊ TOSHIBA ၊ VERTIV ၊ ZEBRA ၊ PROLINK စသည့် နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ ထုတ်ကုန်များကို မြန်မာ့စျေးကွက် အတွင်း အခွင့်အာဏာရ ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်သည်။ KMD Training Centre (KMD Education Services) သည်ဗြိတိန်နိုင်ငံရှိ GIC ၏ အသိအမှတ်ကပြုကျောင်းဖြစ်သည်။၎င်း၏ စီမံခန့်ခွဲမှု စနစ်အတွက် (ISO 9001:2015)ဖြင့် ISO လက်မှတ်ရရှိခဲ့သည်။

၂။ ရွှေလမင်းနင်္ဂါး (SLN)

ရွှေလမင်းနင်္ဂါး (SLN) အများပိုင် ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ တွင် ရွှေလမင်းနင်္ဂါး ကုမ္ပဏီနှင့် ရွိုင်ရယ်စမတ် ကုမ္ပဏီ တို့ကို ပူးပေါင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ရွိုင်ရယ်စမတ် ကုမ္ပဏီသည် မြန်မာ့စျေးကွက်တွင် မိုက်ခရိုစတားအင်တာနေရှင်နယ် (MSI) ကုမ္ပဏီ၏ ထုတ်ကုန်များကို အခွင့်အာဏာရ ဖြန့်ဖြူးသူ ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် Hp ကုမ္ပဏီ၏ ထုတ်ကုန်များကို အခွင့်အာဏာဖြင့် ဖြန့်ဖြူး သည့် ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Acer Co., Ltd သည် ရွှေလမင်းနင်္ဂါး ကုမ္ပဏီ အား ၎င်း၏ထုတ်ကုန်များကို မြန်မာပြည် စျေးကွက်တွင် တရားဝင် ဖြန့်ဖြူးပေးသော ကုမ္ပဏီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Transcend ထုတ်ကုန်များအတွက် တရားဝင် ဖြန့်ဖြူးခွင့်ကိုလည်း ရွှေလမင်းင်္ဂါးကုမ္ပဏီ မှရရှိခဲ့ သည်။ ၂၀၁၇ ခုနှစ်တွင် လမင်းနင်္ဂါး (SLN) အများပိုင် ကုမ္ပဏီသည် မြန်မာစျေးကွက်အတွင်း Gamdias ထုတ်ကုန်များနှင့် Gigabyte Motherboard & Graphics ထုတ်ကုန်များကို ဖြန့်ဖြူး ခွင့်ရရှိသည့် ကုမ္ပဏီ ဖြစ်လာသည်။

၃။Apple Resellers

မြန်မာနိုင်ငံတွင် Apple ကုမ္ပဏီ၏ ထုတ်ကုန် များကို ပြန်လည်ရောင်းချခွင့်ရှိသည့် ကိုယ်စလှယ် လေးခု ထားရှိပြီး ၎င်းတို့မှာ Futureworld ၊ mDrive၊ The Analytics Company (TAC) နှင့် Wai Yan Electronics တို့ဖြစ်သည်။