+95 9 774204020 dpsmap@gmail.com

ကွန်ပျူတာ ထုတ်လုပ်သောကမ္ဘာ့ထိပ်တန်း Company (၈)ခု

 

(၁) Hewlett-Packard

Hp ဟူ၍ အမျာစုခေါ်ဝေါ်သုံးနှုန်းကြသည့် Hewlett-Packard ကုမ္ပဏီသည် Palo Alto ၊ ကယ်လီဖိုးနီးယား တွင်ရုံးစိုက်သည့် အမေရိကန်နိုင်ငံရှိ နည်းပညာနှင့် သတင်းအချက် ကုမ္ပဏီဖြစ်သည်။ အီလက်ထရောနစ် နှင့် ကွန်ပျူတာ ဆိုင်ရာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သည်။ Computer Hardware ၊ Software နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုးကို သုံးစွဲသူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊လုပ်ငန်းကြီးများ ၊ အစိုးးရ၏ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများကိုထုတ်လုပ် ရောင်းချသည်။ Hp ကုမ္ပဏီကို Bill Hewlett နှင့် David Packard တို့က Palo Alto ရှိကားဂိုဒေါင်တစ်ခုတွင် စတင်တည်ထောင်ခဲ့ပြီး အစောပိုင်းတွင် အီလက်ထရောနစ် စမ်းသပ်ကိရိယာများကို ထုတ်လုပ်ခဲ့သည်။ ၂၀၀၇ မှ ၂၀၁၃ အထိ ကမ္ဘာ့PC ထုတ်လုပ်မှုတွင်ဦးဆောင်နေသော Hp ကို ထိုအချိန်တွင် Lenovo မှ အကောင်းဆုံး ထုတ်လုပ်သူ ဟူ၍ အဆင့်အတန်း သတ်မှတ်ပေးခဲ့သည်။ Hp သည် ကွန်ပျူတာထုတ်လုပ်ခြင်း၊ ဒေတာသိုလှောင်မှု များဆောင်ရွက်ခြင်း၊ Network နှင့်ဆိုင်သော Hardwareနှင့် Software များထုတ်လုပ် ဖြန်းဖြူးရောင်းချခြင်းများကို အလေးပေးဆောင်ရွက်သည်။အဓိက ထုတ်ကုန်များမှာ Computer Laptop ၊ စီးပွားရေးလုပ်ငန်းနှင့်စက်မှုလုပ်ငန်းသုံးServerများ ၊ Memory Card ကဲ့သို့သောသိုလှောင်ရေးကိရိယာများ၊ Network ကိရိယာများ၊ software ၊ပရင်တာနှင့် ပုံနှိပ်စက်ကိရိယာတို့ဖြစ်သည်။ Hp သည် ၎င်း၏ထုတ်ကုန်များကို တစ်ဦးချင်း ဝယ်ယူသူများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တိုက်ရိုက် ရောင်းချပေးသည်။ အွန်လိုင်းမှ ဖြန့်ဖြူးရောင်းချသူများ၊လက်လီရောင်းချသူများ၊Software ထုတ်လုပ်သူများနှင့် နည်းပညာရောင်းချသူများနှင့်လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများရှိသည်။ ၎င်း၏ထုတ်ကုန်၊မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၏ထုတ်ကုန်နှင့် ပါတ်သက်သော အကြာင်းအရာများကို ကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင် အဖြေရှာခြင်းများကို ပြုလုပ်လျက်ရှိသည်။

(၂) Lenovo

Lenovo အမှတ်တံဆိပ် ထုတ်ကုန်များထုတ်လုပ်သော Lenovo Group Limited သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် အခြေစိုက်သော နည်းပညာ ကုမ္ပဏီဖြစ်သည်။ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊တက်ဘလက်ကွန်ပျူတာများ၊စမတ်ဖုန်း၊Desktop Computerများ ၊ဆာဗာများ၊အီလက်ထရောနစ်သိုလှောင်ရေးကိရိယာ၊အိုင်တီစီမံခန့်ခွဲမှုဆော့ဖ်ဝဲနှင့်စမတ်တီဗီများ ကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် Lenovo သည် ကမ္ဘာ့ Laptop computer ရောင်းအားယူနစ် အများဆုံးဖြစ်လာသည်။ ThinkPad ၊ ThinkBook ၊ IdeaPad၊ Yoga ၊ Legion စသော Laptop များနှင့် IdeaCentre ၊ ThinkCentre ကဲ့သို့သော desktop များ ထုတ်လုပ် ရောင်းချသည်။ Lenovo သည် နိုင်ငံပေါင်း (၆၀) တွင် ထုတ်လုပ်သည့် စက်ရုံများထားရှိပြီး နိုင်ငံပေါင်း (၁၆၀) တွင် ဖြန့်ဖြူး ရောင်းချသည်။ Lenovo ၏ အုပ်ချုပ်ရေး ဆိုင်ရာ အဓိက အဆောက်အအုံများသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့နှင့် အမေရိကန် နိုင်ငံ Morrisville မြို့များတွင်တည်ရှိသည်။ တရုတ်နိုင်ငံရှိ Beijing၊ Shanghai၊ Shenzhen၊ Xiamen ၊Chengdu၊ Nanjing နှင့် Wuhan မြို့များတွင် သုတေသန လုပ်ငန်းများ ပြုလုပ်လျက်ရှိပြီး အမေရိကန် နိုင်ငံတွင် Morrisville မြို့၌ သုတေသန လုပ်ငန်းထားရှိသည်။ဂျပန် နိုင်ငံ Yamato မြို့တွင်လည်း သုတေသန လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ Lenovo နှင့် NEC တို့ပူးပေါင်း၍ ဂျပန်စျေးကွက်တွင် Laptop computer များဖြန့်ဖြူးရောင်းချလျက်ရှိသည်။ Lenovo ကို ၁၉၈၄ ခုနှစ်တွင် ဘေဂျင်းတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ တွင် ဟောင်ကောင် ၌တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ Lenovo သည် ၂၀၀၅ ခုနှစ်တွင် IBM ၏ Laptop Computerဆိုင်ရာ စီးပွားရေးလုပ်ငန်းဝယ်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်ယင်း၏ Intel-based ဆာဗာလုပ်ငန်းများ လေ့လာနိုင်ရန် သဘောတူညီမှု ရရှိခဲ့သည်။ Lenovo သည် ၂၀၁၂ တွင် စမတ်ဖုန်း စျေးကွက်၌ ဝင်ရောက်လာပြီး ၂၀၁၄ သို့ရောက်သောအခါ တရုတ်ပြည်မကြီးတွင်ရောင်းအား အကောင်းဆုံး ဖြစ်လာသည်။ ၂၀၁၄ တွင် Google ထံမှ မိုဘိုင်းဖုန်းဟန်းဆက် ထုတ်လုပ်ခွင့် ရရှိခဲ့သည်။

(၃) Dell

Dell သည် Round Rockမြို့ Texas ပြည်နယ် ၊အမေရိကန်နိုင်ငံ တွင် အခြေစိုက်၍ နိုင်ငံများစွာတွင် ဖြန့်ကျက်ထားသည့် ကွန်ပျူတာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။Dell သည် ကွန်ပျူတာ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း နှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင်ရွက်ပေးပြီး ၎င်းနှင့် ဆိုင်သော ဆက်စပ် ပစ္စည်းများကို ပါ ထုတ်လုပ် ရောင်းချသည်။တည်ထောင်သူ Michael Dell ၏အမည်ကို အစွဲပြု၍ အမည်ပေးခဲ့သော Dell သည်ကမ္ဘာပေါ်ရှိအကြီးဆုံးနည်းပညာဆိုင်ရာ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည်။ Dell သည် PCများ၊ ဆာဗာများ၊ဒေတာသိုလှောင်ရေးကိရိယာများ၊ Network switches များ၊ ဆော့ဖ်ဝဲ၊ ကွန်ပျူတာအရံပစ္စည်း ၊HDTV၊ကင်မရာများ၊ပရင်တာများ၊ MP3 player များထုတ်လုပ်ရောင်းချသည်။ Dell ကုမ္ပဏီသည်ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုနှင့် အီလက်ထရောနစ်ကုန်သွယ်ရေးအတွက်တီထွင်မှု များကြောင့် လူသိများကျော်ကြားပါသည်။ Dell သည် Hardware သီးသန့် ထုတ်လုပ်သူ အဖြစ်သာ ရပ်တည်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် Perot စနစ်များကို ဝယ်ယူကာ IT စျေးကွက်သို့ ဝင်ရောက်လာခဲ့သည်။Storage နှင့် Networking စနစ်များတွင်ရင်နှီးမြှုပ်နှံမှုများပြုလုပ်ပြီးနောက် ဝယ်ယူသုံးစွဲသော ဖောက်သည်တို့၏ ကွန်ပျူတာ နှင့် ပါတ်သက်သော လိုအင် ဆန္ဒများ ဖြည့်ဆည်းရေးဟူသော ရည်မှန်းချက်ကို ပိုမို အကောင်အထည် ဖော်နိုင်ခဲ့သည်။Dell သည် ၂၀၁၄ ခုနှစ် တွင် Fortune မဂ္ဂဇင်းကဖော်ပြသော ကုမ္ပဏီ ၅၀၀ စာရင်းတွင် အဆင့် ၅၁ တွင်ဖော်ပြခံရသည်။ ၂၀၁၃ ခုနှစ် တွင် ၎င်း၏ဘဏ္ဍာရေးအချက်အလက်များ ကို လျှို့ဝှက်သည့် အနေ ဖြင့် Fortune မဂ္ဂဇင်းမှ ဖော်ပြခြင်း မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် Lenovo နှင့် Hp ပြီးနောက် ကမ္ဘာပေါ်တွင် PC တင်ပို့မှု အများဆုံး ကုမ္ပဏီ ဖြစ်လာသည်။ Dell ကုမ္ပဏီ၏စုစုပေါင်းဝင်ငွေအရ တက္ကဆက်ပြည်နယ်အတွင်းဆဋ္ဌမအကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သည်ဟု Fortune မဂ္ဂဇင်း ၏စစ်တမ်း များအရ သိရသည်။ Dell ကုမ္ပဏီသည် အမေရိကန် ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ် ရှိ ရေနံမဟုတ်သော ကုမ္ပဏီ များတွင် AT&Tကုမ္ပဏီ ပြီးနောက် ဒုတိယ အကြီးဆုံးဖြစ်သည်။ Greater Austin ဒေသ ရှိ အကြီးဆုံး ကုမ္ပဏီလည်း ဖြစ်သည်။၂၀၁၅ ခုနှစ်တွင် နည်းပညာ ကုမ္ပဏီ ဖြစ်သော EMC Corporation ကို ဝယ်ယူခဲ့ပြီး နောင် Dell နှင့် EMC သည် Dell Technologies ၏အစိတ်အပိုင်းများဖြစ်လာသည်။

(၄) Asus

Asus ဟူ၍ လူသိများသော AsusTek Computer Inc. သည် Beitou ခရိုင် ၊ Taipei ၊ Taiwan တွင် အခြေစိုက်သောကွန်ပျူတာ ၊ ဖုန်း Hardware နှင့်အီလက်ထရွန်းနစ် ပစ္စည်းများ ဖြန့်ဖြူးရောင်းချသောကုမ္ပဏီဖြစ်သည်။ ၎င်း၏ထုတ်ကုန်များမှာ Desktop၊ Laptop ၊ netbook၊ မိုဘိုင်းဖုန်းမျိုးမျိုး၊ networking ပစ္စည်းကိရိယာများ၊ မော်နီတာ၊ WIFI router အမျိုးမျိုး ၊ projector အမျိုးမျိုး ၊ motherboardအမျိုးမျိုး ၊ ဂရပ်ဖစ်ကတ် အမျိုးမျိုး ၊ storage ပစ္စည်း အမျိုးမျိုး ၊ မာလ်တီမီဒီယာထုတ်ကုန်၊ အရံပစ္စည်းအမျိုးမျိုး ၊ wearable အမျိုးမျိုး ၊ဆာဗာ နှင့်တက်ဘလက်ပီစီ တို့ဖြစ်သည်။ ASUS သည် ပစ္စည်းအသစ်အဆန်းများထုတ်လုပ်သူဟူသော original equipment manufacturer (OEM) လည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ PC အများဆုံးရောင်းရသည့် စာရင်း တွင် နံပါတ် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ BusinessWeek မဂ္ဂဇင်း၏ Info Teach (၁၀၀) စာရင်းနှင့် အာရှ ထိပ်တန်း IT ကုမ္ပဏီ (၁၀) ခုစာရင်းတွင်လည်းပါဝင် ခဲ့သည်။ ၂၀၀၈ ခုနှစ် Taiwan Top 10 Global Brands ၏ စစ်တမ်း များအရ အိုင်တီဆက်စပ်ပစ္စည်းအမျိုးအစားများ ထုတ်လုပ်မှု တွင် ပထမအဆင့်ရရှိခဲ့ပြီး ၎င်း အမှတ် တံဆိပ် ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ အထိ ရှိသည်။

(၅) Apple Inc

Apple Inc သည် အမေရိကန် ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ်၊ Cupertino တွင် အခြေစိုက်ပြီး အီလက်ထရောနစ်၊ ကွန်ပျူတာဆော့ဖ်ဝဲ နှင့်အွန်လိုင်းဝန်ဆောင်မှုများကို ဒီဇိုင်းရေးဆွဲခြင်း ၊ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများပြုလုပ်သည်။Apple သည် Amazon၊ Google၊ Facebook တို့နှင့်အတူ ကမ္ဘာ့ နည်းပညာဆိုင်ရာ ကုမ္ပဏီ ကြီး (၄) ခုတွင် ပါဝင်သည်။ Appleကုမ္ပဏီ၏ဟာ့ဒ်ဝဲထုတ်ကုန်များတွင် အိုင်ဖုန်း၊ iPad ၊တက်ဘလက်ကွန်ပျူတာ၊ Mac PC ၊ iPod အိတ်ဆောင်မီဒီယာပလေယာ၊ Apple စမတ်နာရီ၊ Apple TV ဒီဂျစ်တယ်မီဒီယာပလေ၊ Apple AirPods ၊ ကြိုးမဲ့ earbuds နှင့် HomePod စမတ်စပီကာများပါဝင်သည်။ Apple ၏ဆော့ဖ်ဝဲများတွင် MacOS၊ iOS ၊iPadOS ၊ watchOS ၊ tvOS , iTunes media player၊ Safari web browser ၊ iLife iWork creativity ၊ productivity suites၊ Final Cut Pro၊ Logic Pro နှင့် Xcode တို့ပါဝင်သည်။Apple ၏ အွန်လိုင်းဝန်ဆောင်မှုတွင် iTunes Store ၊ iOS App Store၊ Mac App Store၊ Apple Music ၊ Apple TV+ ၊ iMessage နှင့် iCloud စသည်တို့ ပါဝင်သည်။ အခြားဝန်ဆောင်မှုများမှာ Apple Store ၊ Genius Bar ၊ AppleCare ၊ Apple Pay ၊ Apple Pay Cash နှင့် Apple Card တို့ဖြစ်ပါသည်။ Apple Inc ကို ၁၉၇၆ ခုနှစ် ၊ ဧပြီလတွင် စတိဗ်ဂျော့ဘ်၊ စတိဗ် Wozniak နှင့် Ronald Wayne တို့ကစတင်တည်ထောင်ခဲ့ပြီး Wozniak’s Apple I PC ကိုစတင်ထုတ်လုပ် ရောင်းချခဲ့သည်။ Ronald Wayne သည်ထုတ်လုပ် ရောင်းချပြီး (၁၂) ရက်အတွင်း သူ၏ရှယ်ယာများ ပြန်လည်ရောင်းချခဲ့သည်။ ၁၉၇၇ ခုနှစ် ၊ ဇန်နာဝါရီလ တွင် Apple II ကွန်ပျူတာများကို ထုတ်လုပ် ရောင်းချရာ ရောင်းအားအထူးကောင်း မွန်ခဲ့ပြီးနောက် နှစ်အနည်းငယ် အတွင်းတွင် ဂျော့ဘ် နှင့် Wozniak တို့သည် ကွန်ပျူတာ ဒီဇိုင်နာများငှားရမ်းကာ တိုးမြှင့် ထုတ်လုပ်ခဲ့သည်။ ၁၉၈၀ ခုနှစ် တွင် စျေးကွက်အတွင်း ဝင်ရောက်လာခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ် များစွာရရှိခဲ့သည်။Apple သည် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သူဖြစ်သည်။ အခွန် အများဆုံး ပေးဆောင်ရသည့် ကမ္ဘာ့အကြီးဆုံး သတင်းအချက်အလက်နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည်။ နိုဝင်ဘာလ ၂၅၊ ၂၀၁၄ တွင် ဈေးကွက်အရင်းအနှီး အားဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လူသိများသော ကုန်သွယ်ကော်ပိုရေးရှင်း ဖြစ်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၀၀ ဘီလီယံခန့် တန်ဖိုးရှိ ပထမဦးဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ အဆိုပါကုမ္ပဏီ တွင် အမြဲတမ်း အချိန်ပြည့်ဝန်ထမ်းအဖြစ် ၁၁၅,၀၀၀ ဦး (ဇူလိုင် ၂၀၁၅ အထိ) နှင့် နိုင်ငံပေါင်း (၁၆) နိုင်ငံတွင် လက်လီ စတိုးဆိုင်များ (၄၅၃) ဆိုင် (မတ်လ ၂၀၁၅ အရ) အထိ အောင်မြင်လာခဲ့ပြီး အွန်လိုင်းရှိ iTunes Storeမှာ ကမ္ဘာ့အကြီးဆုံး ဂီတလက်လီအရောင်းဆိုင် အဖြစ် ရပ်တည်လျက်ရှိသည်။

(၆) Acer Inc

အေဆာ အင်ကော်ပိုရေးတစ် သည် ထိုင်ဝမ်အခြေစိုက် နိုင်ငံတကာ ကွန်ပျူတာ နည်းပညာနှင့် အီလက်ထရွန်းနစ် ကော်ပိုရေးရှင်း ဖြစ်ပြီး စားပွဲတင် ကွန်ပျူတာများ (PC)၊ အိပ်ဆောင် ကွန်ပျူတာများ (Notebook or laptop)၊ PDA (personal digital assistants) များ၊ ဆာဗာများ၊ သိုသွင်းပစ္စည်းများ၊ ကွန်ပျူတာ စကရင်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည်။ အေဆာသည် စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပညာရေးနယ်ပယ်နှင့် တစ်ဦးချင်း အသုံးပြုသူများအတွက် အီး-စီးပွားရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။ အေဆာ၏ ဗဟိုဌာနချုပ်မှာ ရှင်းပေမြို့ (ယခင် ထိုင်ပေခရိုင်) ရှိကျီ တွင် တည်ရှိသည်။

(၇) SAMSUNG

ဆမ်ဆောင်း သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ အခြေစိုက်သော နိုင်ငံပေါင်းများစွာတွင် စီးပွားရေးလုပ်ငန်းများစွာ တည်ထောင်ထားသည့် တောင်ကိုရီးယားကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။

၁၉၃၈ ခုနှစ်တွင် လီဗျောင်ချူးမှ ကုန်သွယ်ရေးကုမ္ပဏီ အဖြစ် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီးနောက် ဆယ်စုနှစ် သုံးခုကျော်ခန့်တွင် အစားအသောက်၊ အထည်အလိပ်၊ အာမခံ စသည့်လုပ်ငန်းများကိုပါ လုပ်ကိုင်လာခဲ့သည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် အီလက်ထရွန်းနစ်လုပ်ငန်း၊ ၁၉၇၀ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ ကိုလည်း တိုးချဲ့လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်၊ လီဗျောင်ချူးကွယ်လွန်ပြီးနောက်တွင် ဆမ်ဆောင်းအုပ်စု၊ ရှင်စီဂေ့အုပ်စု၊ စီဂျေ အုပ်စု၊ ဟန်ဆောအုပ်စု ဟူ၍ လေးစု ကွဲထွက်သွားခဲ့သည်။ ဆမ်ဆောင်းအုပ်စုသည် ၁၉၉၀ ခုနှစ်မှစ၍ အဓိကဝင်ငွေလုပ်ငန်းများဖြစ်သော အီလက်ထရွန်းနစ်၊ မိုဘိုင်းလ်ဖုန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ဆမ်ဆောင်း၏ အရေးပါသော လက်အောက်ခံလုပ်ငန်းများမှာ ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ (၂၀၁၂ ခုနှစ် စာရင်းများအရ ကမ္ဘာ့အကြီးဆုံး အိုင်တီကုမ္ပဏီနှင့် ဈေးကွက်တွင်း စတုတ္ထနေရာ) ၊ ဆမ်ဆောင်း အကြီးစားစက်မှုလုပ်ငန်း (၂၀၁၀ စာရင်းများအရ ကမ္ဘာ့ဒုတိယအကြီးဆုံး သင်္ဘောတည်ဆောက်သူ) ၊ ဆမ်ဆောင်းအင်ဂျင်နီယာလုပ်ငန်း နှင့် ဆမ်ဆောင်း ဆောက်လုပ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း တို့ဖြစ်ကြသည်။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်းစက်ရုံကို ဗီယက်နမ်နိုင်ငံ၊ ထိုင်းနုရမ် စီရင်စုတွင် ဆမ်ဆောင်းမှ စတင်တည်ဆောက်လျက်ရှိသည်။

(၈) Micro-Star International Co., Ltd

Micro-Star International Co., Ltd သည် နယူးထိုင်ပေမြို့၊ ထိုင်ဝမ် တွင်အခြေစိုက် နေသောထိုင်ဝမ်နိုင်ငံတကာ သတင်းအချက်အလက်နည်းပညာကော်ပိုရေးရှင်းဖြစ်သည်။ MSI သည်Laptop ၊ Desktop ၊ motherboards ၊ ဂရပ်ဖစ်ကတ်များ ၊ All-In-One PC အမျိုးမျိုး ၊ ဆာဗာအမျိုးမျိုး ၊ စက်မှုဇုန်သုံး ကွန်ပျူတာများ ၊PC အရံပစ္စည်း ၊ မော်တော်ကားသုံးဖျော်ဖြေရေး ပစ္စည်းများ အပြင် ၎င်းတို့နှင့် ဆက်စပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပုံဖော်ထုတ်လုပ် ရောင်းချသည်။ MSI ကို ၁၉၈၆ သြဂုတ် လတွင် Hsu Xiang ၊ Huang Jinqing ၊ Lin Wentong ၊Yu Xian’neng နှင့် Lu Qilong တို့ က စတင်တည်ထောင်ခဲ့သည်။ ကနဦးတွင် နယူးတိုင်ပေမြို့တွင် စတင် ခဲ့ပြီး နောက်ပိုင်းတွင် တရုတ်ပြည်မကြီး ဘက်သို့ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။ ၂၀၀၀ ခုနှစ် တွင် ရှန်ကျန်း၌ Baoan စက်ရုံကို တည်ထောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် Kunshan ၌သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဆောက်အဦး ကိုတည်ထောင်ခဲ့သည်။ MSI သည် မြောက်အမေရိက၊ တောင်အမေရိက၊ အာရှ ၊ ဥရောပ၊ သြစတေးလျ တစ်ခွင် ကမ္ဘာလုံးဆိုင်ရာ အာမခံဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ Gaming Laptop များထုတ်လုပ်ခြင်းနှင့်အတူ E-Sportအသင်း များစွာကို Sponsor ပေးလျက်ရှိသည်။ နိုင်ငံတကာ E-Sport Game များကို လည်း အိမ်ရှင် အဖြစ် လက်ခံကျင်းပ ပေးလျက်ရှိသည်။

 

 

ဖော်ပြထားသော ကုမ္ပဏီများ၏ Website များကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်။