+95 9 774204020 dpsmap@gmail.com

အောင်မြင်သော အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းများ

 

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီ ပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံး မှန်ကန်တဲ့ အိုင်တီခေတ် အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။

အိုင်တီ အလုပ်အကိုင်တွေအနေနဲ့

– Professional Level,
– Management Level,
– Executive Level

ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ် အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့် ရရှိလာပြီဆိုမှ အထက် အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Professional / Technical Level

» Programmer/ Software Developer
» Systems Analyst/ Analyst Programmer
» Web Developer/ Multimedia Specialist
» Database Administrator
» Network Technician/ Network Administrator
» Systems Technician/ System Administrator
» Instructor/ Lecture

စသည်ဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ကွဲပြားသွားပါတယ်။

Management Level

» IS Manager
» IT Manager
» EDP Manager
» Project Manager
» Systems Manager
» Network System Manager
» Training Manager

ဆိုတဲ့ လုပ်ငန်း အသီးသီးမှာ တာဝန်ခံ မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level ဖြစ်တဲ့ အမှုဆောင် အရာရှိ အဆင့် များမှာတော့

» Vice President (IT)

» Vice President (Information Service)
» Chief Information Officer ( CIO )
» Chief Technical Officer ( CTO )
» Chief Security Officer ( CSO )
» Technical Director
» IT/IS Director
» IT Project Director

စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။

အဆင့်မြင့် ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူး တာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့်

Software Development ပိုင်း မှာ
» Junior programmer,
» Senior Programmer,
» System Analyst,
» Project Manager

စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းသွားရမှာ ဖြစ်ပါတယ်။

Network Professional အနေနဲ့ဆိုရင်တော့

» Network Technician,
» Network Engineer,
» Network System Manager,
» CTO (Network and Security)

စသဖြင့် ရာထူး အဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင် အသင့် ဝင်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေး စဉ်းစားရမှာ ဖြစ်ပြီး အလုပ် အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့ သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အိုင်တီဆိုင်ရာ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူ လေ့လာရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ Diploma ( ဒီပလိုမာ ) နဲ့ ဒီဂရီ လက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေ ရဖို့ ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာ သင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနိုင်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲ တွေအနေနဲ့ဆိုရင်တော့

Online ကနေ တိုက်ရိုက် ဖြေဆိုနိုင်တဲ့
Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။

လုပ်ခ လစာ မြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီ ပညာရှင်အဆင့်နဲ့ ဝင်ရောက် လုပ်ကိုင်ဖို့အတွက် ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှု ရှိနေရပါမယ်။

အခြားအရေးကြီးတဲ့ အချက်တွေကတော့…

(1) MCPA ( Myanmar Computer Professional Association )
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင် လျှောက်ထားခြင်း
MCPA website : http://www.mcpamyanmar.org/

(2) Office Procedure/HR Regulations

ရုံးလုပ်ငန်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ထုံး လုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း

(3) Knowledge of Business / Domain Knowledge
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း

(4) Communication Skills
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း

(5) Social Networking
မိမိဘ၀ တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေ အပေါင်းအသင်းများ ရှာဖွေ ဆက်သွယ်ထားခြင်း

(6) Global Outlook
မိမိဒေသ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာ ဗဟုသုတများ သိသင့်သည်များ ကြိုတင် လေ့လာထားခြင်း

(7) Role Model
မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင် လမ်းပြပေးနိုင်မည့် စံပြုထိုက်သူ တစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)

(8) Efforts
ကြီးမားသော ဇွဲ လုံ့လ ဝိရိယဖြင့် ကြိုးစား အားထုတ်ခြင်း

(9) Ethic
ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများ ရှိခြင်းတို့ကို ပိုင်နိုင် ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ယောက် ဖြစ်လာမှာ အမှန်အကန် ပါပဲ။

MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး (အတွင်းရေးမှူး – မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း)က ပြောကြားပေးခဲ့တာဖြစ်ပြီး အိုင်တီပညာရှင် လူငယ်များ ဗဟုသုတ ရစေရန် ပြန်လည်ကောက်နုတ် တင်ပြရခြင်း ဖြစ်ပါတယ်။.